Home
မြန်မာသတင်း
စစ်​ရှောင်ပြည်သူ​များ၏ အိမ်​မွေးခိုင်းနွားများကို စစ်​ကောင်စီတပ်က ခိုးယူ​ရောင်းစား
DVB
·
December 1, 2021
258119538_2883953895160501_2840042372589798314_n-1

စစ်ကိုင်းတိုင်းအတွင်း စစ်​ဘေး​ရှောင်ပြည်သူတွေရဲ့ အိမ်​မွေးခိုင်းနွားတွေကို စစ်​ကောင်စီ တပ်​ဖွဲ့​တွေက အဓမ္မခိုးယူပြီး နွားပွဲစားတွေဆီ ​စျေးနှုန်းချိုသာစွာနဲ့ ​ရောင်းချ​နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ နယ်​မြေရှင်းလင်း​ရေးအ​ကြောင်းပြ ​ကျေးရွာ​တွေအတွင်း ဝင်​ရောက်လာတာကြောင့် ​ဒေသခံတွေ ထွက်​ပြေး​နေကြရပြီး ​နေအိမ်​တွေမှာကျန်ရှိတဲ့ တိရစ္ဆာန်တွေကို စစ်တပ်က ပုံစံမျိုးစုံနဲ့ ယူ​ဆောင်ကြတယ်လို့ ဆိုပါတယ်။ 

ကြက်၊ ဝက်တွေကို ချက်ပြုတ်စား​သောက်ကြပြီး နွားတွေကိုတော့ နွားပွဲစားတွေနဲ့ ချိတ်ဆက်ကာ ​စျေးနှုန်းချိုသာစွာနဲ့ ပြန်ရောင်းကြတာလို့ အမည်မ​ဖော်လိုတဲ့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့က ခိုးယူ​ရောင်းချထားတဲ့ ခိုင်းနွားတွေကို ​ရေဦး-က​လေးဝ လမ်းပိုင်းက​နေ ၁၂ ဘီးကားတွေနဲ့ သယ်​ဆောင်ကာ အိန္ဒိယနယ်စပ်ဘက်ကို ပွဲစားတွေက ပြန်လည်​ရောင်းချကြတာလို့ ဆိုပါတယ်။ 

ကား ၁ စီးကို နွား​ကောင်​ရေ  ၂၀ ​ကျော်ထိ တင်​ဆောင်ကာ တစ်​နေ့ကို ၅ စီးဝန်းကျင်လောက် ပို့​ဆောင်​နေကြတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။

အဲဒီလို ပို့​ဆောင်ရာမှာလည်း လမ်းမှာရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့နဲ့ ပျူ​စောထီးအဖွဲ့​​တွေကိုလည်း ဂိတ်​ကြေးသ​​​ဘော ​ပေးဆာင်ကြရပြီး နွားတင်ကား ၁ စီးကို ကံထူးမလမ်းဆုံဂိတ်မှာ ၅ သိန်းကျပ်နဲ့ ​အောင်ချမ်းသာ သက္ကယ်ကျင်းဂိတ်ကို ၃ သိန်းကျပ် ​ပေး​ဆောင်ကြရတယ်လို့ သိရပါတယ်။

ဒီပဲယင်း၊ တန့်ဆည်၊ ဘုတလင် စတဲ့ မြို့နယ်တွေက နွားတွေကို စစ်​ကောင်စီတပ်ဖွဲ့က ခိုးယူ​ရောင်းစားနေတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024