ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကျမ်းစာသင်ကျောင်းအနီးရှိ နေအိမ်တစ်အိမ်မှာ ဖမ်းဆီးခံရတဲ့ လူငယ်လေးဦး မနေ့ည ၁၀ နာရီလောက် ပြန်လွတ်လာတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီလောက်က အရပ်ဝတ်တွေနဲ့ ရောက်လာပြီး အမျိုးသား လူငယ်သုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားပြီး ည ၁၀ နာရီလောက် ပြန်လည်လွှတ်ပေးလိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "စစ်ကောင်စီက ကား ငါးစီးနဲ့ရောက်လာတယ် တပ်ဖွဲ့ဝင် ၂၀ လောက်ပါတယ်။ အရပ်ဝတ်တွေနဲ့ လည်းပါတယ်။ သေနတ်တွေလည်း လေးချက်လောက်ဖောက်သွားတယ်။ ညနေ ၃ နာရီလောက်က အဖမ်းခံရတာ ည ၁၀ နာရီလောက် ပြန်လွှတ်ပေးလိုက်တယ်။ လူမှားဖမ်းတာလို့ပြောပြီး ပြန်လွှတ်လိုက်တာ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က လူငယ်နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။