Home
မြန်မာသတင်း
ကန်ပက်လက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ
DVB
·
November 28, 2021
261389522_1226424411184900_1540994718085570582_n

ချင်းပြည်နယ် ကန်ပက်လက်မြို့အတွင်းမှာ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းဖြစ်ပွားခဲ့တဲ့ CDF ကန်ပက်လက် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲကနေ ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိပြီး ၃ ဦးကို သေဆုံးကာ CDF ကန်ပက်လက် ရဲဘော်တွေကတော့ တစ်စုံတစ်ရာထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ CDF ကန်ပက်လက် ပြန်ကြား ရေးတာဝန်ခံက အတည်ပြု ပြောဆိုပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တွေ သေဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

အခုရက်ပိုင်းမှာ CDF ကန်ပက်လက် နဲ့ စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာပြီး သေဆုံး ထိခိုက်ပျက်ဆီးမှုတွေ များပြားနေသလို  စစ်ကောင်စီတပ်သားအင်အားတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024