Home
မြန်မာသတင်း
ဖားကန့်တွင် စစ်အာဏာရှင်ပြုတ်ကျရေး ပြည်သူအင်အား ၂၀၀ ကျော် ဆန္ဒဖော်ပြ
DVB
·
November 28, 2021
260637830_3194033570827808_6409951148825810787_n
261685110_3194033617494470_5003899447677832080_n
260437096_3194033744161124_5048242695257937929_n
258867721_3194033840827781_4112978716028383547_n
260080062_3194033877494444_8367329138276009421_n
260424007_3194033934161105_7488120433303669609_n

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်မြို့ တိုင်းရင်းသားပေါင်းစုံ ပင်မ သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်အာဏာပြုတ်ကျရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လူအင်အား နှစ်ရာကျော်ရှိတဲ့ ဖားကန့်မြို့နယ် တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းဟာ  စစ်အာဏာရှင်စနစ် လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ ကျောင်းမတက်နဲ့ကျောင်းထွက်၊ PDF တွေ ဘာလုပ်နေလဲ ပြည်သူတွေကို ကာကွယ်နေတယ် စတဲ့ကြွေးကြော်သံတွေ  တနာရီကြာ ငြိမ်းချမ်းစွာ စီးတန်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဖားကန့်မြို့ တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းဟာ ဖော်ဖော်ဝါရီလ စစ်အာဏာသိမ်းစဉ်ကတည်းက  စစ်အာဏာရှင်ပြုတ်ကျရေး ဆက်တိုက်ဆန္ဒဖော်ထုတ်ခဲ့တာဟာ ဆယ်လကြာပြီဖြစ်ပါတယ်။ 

ဖားကန့်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ပစ်သတ်ခဲ့ပေမဲ့ ဆန္ဒပြပွဲတွေကတော့ ဒီနေ့အချိန်ထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024