ကိုဗစ်လှိုင်းကြားက ၁၀ နှစ်ကြာ အိမ်မပြန်နိုင်သေးတဲ့ ကချင်စစ်ဘေးရှောင်များ (ဓာတ်ပုံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့  မြန်မာစစ်တပ်အကြား  ၂၀၁၁ ခုနှစ်က စတင်ပြီး တိုက်ပွဲတွေ တကျော့ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ကြရတာ  ၁၀ နှစ် နီးပါး ရှိလာနေပါပြီ။

စစ်ရှောင်စခန်းတွေမှာ နေထိုင်ချိန် ကြာလာတာနဲ့အမျှ စခန်းထဲက စစ်ရှောင်မိသားစုတိုင်းဟာ အခက်အခဲမျိုးစုံနဲ့ အဆင်မပြေမှုကြားမှာ ကြိုးစားပြီးနေထိုင်နေကြရတာပါ။ ၂၀၁၉ ခုနှစ်က စတင်ဖြစ်ပွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေဟာ အရင်ကထက် ပိုမိုပြီး ခက်ခက်ခဲခဲ နေထိုင်နေကြရပါတယ်။

စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကူးစက်ခံရမှု မရှိသလောက် ဖြစ်ပေမဲ့ တတိယလှိုင်းမှာတော့ စစ်ရှောင်ပြည်သူ အများအပြား ကူးစက်ခံခဲ့ရပါတယ်။

စစ်ရှောင်စခန်း အများစုဟာ ထောက်ပံ့ကြေးအနေနဲ့ တစ်လမှာ တစ်ယောက်ကို တစ်သောင်းကျော်လောက်သာ အလှူရှင်တွေဆီကနေ ရရှိကြတာပါ။ ဒီလိုအခြေမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ကိုယ်ခံအားကောင်းအောင် အစားအသောက်တွေ ဝယ်ယူစားသောက်ဖို့အတွက် ငွေကြေးမလုံလောက်တာ၊ ဆေးဝါးဝယ်ယူဖို့ ငွေကြေးမရှိတာတွေကြောင့် ရောဂါဒဏ်ကို အချိန်ကြာရှည်စွာခံစားကြရတာပါ။

ကိုဗစ်-၁၉ ရောဂါတင်မကပဲ အခြား အထွေထွေရောဂါဖြစ်ပွားမှုတွေလည်း ရှိနေပြီးဆေးကုမှုခံယူဖို့ ငွေကြေးမရှိတာ၊ စစ်ရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာ လိုအပ်တဲ့ဆေးဝါး မလုံလောက်တာတွေကို ရင်ဆိုင်နေရပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရှိနေသေးတာကြောင့် စစ်ရှောင်စခန်းတွေမှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပစ္စည်းတွေဖြစ်တဲ့ Mask၊ လက်ဆေးရည်၊ ရောဂါစစ်တဲ့ Test Kit တွေ၊ PPE ကအစ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up