
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသမှာ နိုဝင်ဘာလ ၂၁ ရက်ညက CDM ကျောင်းဆရာမ တယောက်အပါအဝင် အရပ်သား ပြည်သူ ၉ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရသူတွေအထဲမှာ မြသီတာရပ်ကွက်နေ CDM ကျောင်းဆရာ ဒေါ်မြင့်မြတ်နဲ့ လှည်းကုန်း ၂ ရပ်ကွက်နေ CDM ကျန်းမာရေးမှူး ဦးကျော်စိုးဝင်းတို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကံပေါက်ဒေသခံအရပ်သားတွေဖြစ်တဲ့ ဦးတင်ညွန့်(နွမ်မဲ)-(မဂ္ဂင်ရပ်ကွက်)၊ ဦးကင်မြင့် (မြသီတာရပ်ကွက်)၊ ဦးကိုလေး (မြသီတာရပ်ကွက်)၊ ဦးဝင်းရှိန် (ဗိုလ်ချုပ်ရပ်ကွက်)၊ ကိုပြည်စိုး (ဗိုလ်ချုပ်ရပ်ကွက်)၊ ဦးငယ်ငယ် (မိကျောင်းအိုင် ရပ်ကွက် စက်ကုန်း)၊ နဲ့ ဦးနွမ်မဲ (လှည်းကုန်း ၁ ရပ်ကွက်) တို့လည်း ဖမ်းဆီးခံထားရပါတယ်။
ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီက ကံပေါက်မောရဝတီရေတပ်စခန်းဌာနချုပ်မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။