
မဂ်လာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာ ရာအိမ်မှူး ဦးပေါင်မုန့် ဒီနေ့ နေ့လယ် ၂ နာရီလောက်က သေနတ်နဲ့ပစ်ခံရတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာက ဈေးဆိုင်မှာ ထိုင်နေတုန်း သေနတ်နဲ့ သုံးချက်ပစ်ခံရတာဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ မျက်မြင်တချို့က ပြောပါတယ်။
အဲဒီရွာသားတစ်ဦးက “သေနတ်ပစ်ခံရပြီးတော့ စစ်တပ်ကနေ စစ်ဆေးရုံခေါ်သွားတာပဲ၊ သူက အရမ်းပညာပြချင်နေတာ။ အခုတော့ကိစ္စပြတ်ရော” လို့ ပြောပါတယ်။
ဦးပေါင်မုန့်ဟာ င်္ဂလာဒုံမြို့နယ်မှာ စစ်တပ်ကို သတင်းပေးနေသူတစ်ယောက် ဖြစ်တယ်ဆိုပြီး နာမည်ကြီးနေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကုန်းတလပေါင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဟာ အောက်တိုဘာလက သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်နဲ့ ရာအိမ်မှူး ဦးပေါင်မုန့်တို့ကို ကျေးရွာပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်တာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
စစ်တပ်ဝိုင်းရံနေတဲ့ မင်္ဂလာဒုံမြို့နယ်မှာ အခုလို ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။