
ရေဦးမြို့နယ် ၊ငြုတ္တုံရွာအနီး ရေဦး - ဒီပဲယင်းလမ်းမပေါ်မှာ နိုဝင်ဘာလ ၂၁ ရက် မနက်ပိုင်းက ခရီးသွားကိုယ်ဝန်ဆောင်တစ်ဦး ဗိုက်နာလာလို့ လမ်းခုလတ် ခြုံကြားမှာပဲ အနီးအနားက အမျိုးသမီးတွေရဲ့အကူအညီနဲ့ အောင်မြင်စွာ မီးဖွားပေးလိုက်ကြတယ်လို့ သိရပါတယ်။
“ဆိုင်ကယ်နဲ့ မောင်နှမနှစ်ယောက်လာကြတာတဲ့ဗျ။ အဲဒီနားရောက်တော့ အပေါ့သွားခြင်တယ်ဆိုပြီး ဗိုက်နာလာလို့ ပတ်ဝန်းကျင်က အမျိုးသမီးတွေရဲ့အကူအညီနဲ့ ချုံကြားမှာပဲ မီးဖွားပေးလိုက်ကြတာလို့ သိရတယ်။ ကလေးရော လူကြီးပါ ကျန်းမာကြပါတယ်။ ကျနော်တို့ ရေဦးဆေးရုံကို ကူညီပို့ဆောင်ပေးလိုက်တယ်” လို့ ပုညကုသလ လူမှုကူညီရေးအသင်းက ပြောပါတယ်။
အဆိုပါ အမျိုးသမီးဟာ အခြားမြို့နယ်တခုကလို့သိရပြီး မောင်နှမနှစ်ယောက် ရေဦးမြို့နယ်အတွင်းလာစဉ် လမ်းမှာပဲ မီးဖွားခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးနဲ့ကလေးကို ဆေးဝါးအကူအညီပေးနိုင်ဖို့ ပုညကုသလလူမှုကူညီရေးအသင်းက သွားရောက်ခေါ်ဆောင်ပြီး ရေဦးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။