Home
မြန်မာသတင်း
နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဝန်ခံ
DVB
·
November 19, 2021
S__6971401-1142x675-1

ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝိနိုင်ဟာ နိုဝင်ဘာ ၁၄ ရက်နေ့က နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

အိမ်နီးချင်းမြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရေး ကိစ္စတွေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက လက်ရှိအခြေအနေဟာ နိုင်ငံအများအပြားမှာရှိတဲ့ နိုင်ငံတကာအေဂျင်စီတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့  အရေးကြီးကိစ္စ ဖြစ်နေတယ်လို့ ဒွန်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်း  ၁၇ တန်ကိုလည်း ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။

ထိုင်းပုဂ္ဂလိကကဏ္ဍက အိမ်နီးချင်း မြန်မာနိုင်ငံ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကာ မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းကာ  မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဒွန်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲဟာ အပြုသဘော ဆောင်ပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက  ပြောပါတယ်။

ပြီးခဲ့ရက်ပိုင်းကတည်းက  ထိုင်းနိုင်ငံခြားရေးဝန်ကြီး  မြန်မာပြည်သွားတဲ့သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး ဒီကိစ္စ မြန်မာစစ်ကောင်စီကဘက်ကရော ထိုင်းအစိုးရဘက်ကရော  သတင်းထုတ်ပြန်ခြင်း မရှိခဲ့ဘဲ အခုမှ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။   

Photo- Thai Embassy

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024