Home
မြန်မာသတင်း
ဖားကန့်မြို့နယ် ရှဒူးဇွပ်ရွာတွင် တောဝက်အပက်ခံသဖြင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
November 12, 2021
256377589_3085451171782623_4959348350675685201_n
254985816_3085451288449278_2825867555111881255_n
254037651_3085451428449264_4322096798695937241_n
248027407_3085451215115952_3631175254238734227_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာမှာ နိုဝင်ဘာ ၁၁   မနက်ပိုင်းက တောဝက်ပက်ခံရတဲ့အတွက် ဒေသခံ အမျိုးသားတယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသား သုံးယောက်ဟာ ထောင်ချောက်အတွင်းမိနေတဲ့ တောဝက်ကိုဖြုတ်နေစဉ် ထောင်ချောက်ပျက်ပြီး တောဝက်ပက်တာကြောင့် သေဆုံးဒဏ်ရာရခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

"ထောင်ချောက်ထဲမိနေတဲ့ တောဝက်ကို ဖြုတ်နေရင်း ထောင်ချောက်ပျက်ပြီး ဝက်က ပြန်ပက်တာ။ နှစ်ယောက်က ထွက်ပြေးနိုင်လို့ ဒဏ်ရာပဲရတယ်။ ဦးမန်ရှန်ရော်ထန့်ကတော့ အသက်ကြီးတော့ မပြေးနိုင်ဘူး။ တောဝက်က အစွယ်နဲ့ ပက်သွားတာ သေသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသက် ၆၀ ကျော်အရွယ် သင်းထောက် ဦးမန်ရှန်ရော်ထန့်ဟာ ခြေထောက်နဲ့ ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တောဝက်အပက်ခံရတဲ့အတွက် ကားလမ်းအနီးက သူတွေကို အော်ဟစ်အကူအညီတောင်းခဲ့ရာ စစ်သားတွေ လိုက်လာပြီး တောဝက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

တောဝက်အပက်ခံရတဲ့ ဦးဒေါင်ခေါင်ဟာ ဒဏ်ရာပြင်းထန်လို့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကျန်တယောက်က  ဒဏ်ရာ မပြင်းထန်တဲ့အတွက် ရှဒူးဇွပ်ကျေးရွာမှာပဲမှာပဲ ဆေးကုသပေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024