မွန်ပြည်နယ် ပေါင်မြို့၊ ပေါင်းရပ်ကွက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးရဲ့ နေအိမ်မှာ အောက်တိုဘာ ၂၈ ရက် မနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးရဲ့ နေအိမ်ကို အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ဗုံးပစ်သွင်းခဲ့တာကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဦးကျော်လင်းဦးနဲ့အတူနေ မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နေအိမ်နဲ့ အိမ်တွင်းပစ္စည်းအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးကျော်လင်းဦးဟာ စစ်ကောင်စီရဲ့ ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြငေ ဦးကျော်လင်းဦးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းတော့ မရှိပါဘူး။