
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးလွင်ရဲ့ နေအိမ်ခြံရှေ့မှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒုရဲမှူးကြီး အေးလွင်ရဲ့ နေအိမ်ခြံရှေ့မှာ ညနေ ၆ နာရီ ၁၅ ကနေ ၂၅ မိနစ်ကြား ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ခရိုင်ရဲတပ်ဖွဲ့မှူးနေအိမ်ရှေ့ ဗုံးခွဲတာဟာ ဘယ်အဖွဲ့လက်ချက်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးပါဘူး။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်အုပ်စုတပ်သားတွေက အရပ်ဝတ်နဲ့ပါ သေနတ်တွေကိုင်ပြီး လမ်းသွားလမ်းလာတွေကို ဆဲဆိုခြိမ်းခြောက်တာတွေပြုလုပ်ကာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်၊။
မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလထဲမှာတင် ဗုံးပေါက်ကွဲတဲ့အကြိမ်ရေ ၁၂ ကြိမ်ထိရှိလာပြီဖြစ်ပါတယ်။