စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ် ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံတွေကို အောက်တိုဘာ ၂၃ ရက်နေ့က ပထမဦးဆုံးအကြိမ် လူမှုကွန်ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ စစ်ရေးလှုပ်ရှားမှု ရုပ်သံဖိုင်တစ်ခုကို MNDAA ကိုးကန့်တပ်ဖွဲ့က လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ထုတ်ပြန်အပြီးမှာ အခုလို PLA က ဓာတ်ပုံတွေ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့နယ်တချို့မှာ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ လက်ရှိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။