Home
မြန်မာသတင်း
စစ်ကိုင်းတွင် အမျိုးသား ၁ ဦး ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံး
DVB
·
October 21, 2021
245808780_1491708601214955_7850437533208827892_n
245646834_1491708607881621_4309583976770359995_n

စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်၊ အင်းဝတံတားတောင်ဘက် ကမ်းနားလမ်း ရေကာတာပေါ်ကနေ အမျိုးသား တယောက် အောက်တိုဘာ ၂၁ ရက် ဒီနေ့ မွန်းလွဲပိုင်းက  ဧရာဝတီမြစ်အတွင်း ခုန်ချသေဆုံးမှု ဖြစ်ခဲ့ပါတယ်။

မြစ်ကမ်းဘက်မှာ ဆိုင်ကယ်၊ ဖုန်းနဲ့ ဖိနပ်တို့ကို ချန်ထားခဲ့ပြီး မွန်းတည့်  ၁၂ နာရီကျော်အချိန်က ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့တာဖြစ်ပြီး ခုန်ချသူ ဟာ ဘယ်သူလဲဆိုတာနဲ့ ဘာကြောင့် ခုလို ခုန်ချသတ်သေခဲ့တယ်ဆိုတာကိုတော့  မသိရသေးပါဘူး။

စစ်ကိုင်းမြို့က အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့​တွေ၊ ပရဟိတသမားတွေ၊ မီးသတ်တွေက ရှာဖွေရာ နေ့လယ် တစ်နာရီကျော်မှာ  ဧရာဝတီမြစ်အတွင်း ခုန်ချသူ အမျိုးသားကို သေဆုံးလျှက်ရှာဖွေ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024