Home
မြန်မာသတင်း
ဖားကန့်သို့သွားသည့် မော်တော်ယာဉ်လိုင်းကားများပေါ်မှ ဆန်နှင့် ဆီများကို စစ်တပ်က သိမ်းယူ
DVB
·
October 21, 2021
247238743_3065254720468935_194994156778141551_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို သွားရောက်တဲ့ မော်တော်ယာဉ်လိုင်းတွေပေါ်မှာ တင်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ ဆန်နဲ့ စားသုံးဆီတွေကို အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်တွေက ဖြတ်သန်းသယ်ယူခွင့် မပြုဘဲ သိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်တော်ယာဉ်လိုင်းတွေအနေနဲ့ ဆန်နဲ့ စားသုံးဆီတင်ဆောင်  ဖြတ်သန်းခွင့် မရဘဲ စစ်ဆေးရေးဂိတ်တွေမှာ ဆန်နဲ့ စားသုံးဆီတွေ ထားခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကျမ အသိတစ်ယောက်  ကာမိုင်းကနေ ဖားကန့်ကို မိသားစုစားဖို့ ဆန်နှစ်အိပ်တင်လာ ခဲ့တာ လယ်ပြင် စစ်ဆေးရေးဂိတ်မှာ ထားခဲ့ရတယ်။ ဆန် တင်ဆောင်ခွင့် မရှိဘူးလို့ပြောတဲ့ အတွက် ထားခဲ့ရတာ" လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ဆန်တစ်အိပ်ကို ကျပ် လေးသောင်းခွဲမှငါးသောင်းခွဲအထိ စျေးနှုန်းရှိပြီး ဆန်စျေးနှုန်းသိသိသာသာ မတက်ပေမယ့်လည်း စားသုံးဆီစျေးကတော့ နှစ်ဆလောက် ခုန်တက်သွားကြောင်း ဒေသခံတွေ ထံက သိရပါတယ်။

စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ ဒေသခံတစ်ဦးက  “ဆန်စက်တွေကနေ တိုက်ရိုက်တင်ပို့တဲ့ ကားတွေကတော့ အခကြေးငွေပေးပြီး ဖြတ်နေကြတယ်။ အဲ့လို ဖြတ်သန်းခွင့် ပြုနေတော့လည်း ဆန်စျေးက အရမ်းထိုး တက်သွားတာ မရှိဘူး။ လိုင်းကားတွေ ဆန်၊ ဆီ တင်ပြီး ဘာလို့ ဖြတ်သန်းခွင့်မပြုတာလဲတော့ မသိပါဘူး" လို့ ပြောပါတယ်။

ဖားကန့်မြို့ရှိ  စစ်ဆေးရေးဂိတ်တွေမှာ ဆန်နဲ့ စားသုံးဆီတွေ မထားခဲ့လိုပါက လိုင်းကားတွေကို  ဖြတ်သန်းသွားလာခွင့်မပေးဘဲ နောက်ကြောင်းပြန်လှည့်ခိုင်းတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024