Home
မြန်မာသတင်း
ပုသိမ်အကျဥ်း​ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး ပြန်လွတ်
DVB
·
October 20, 2021
246367267_1022002785248826_6092526269810564134_n

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်း​ထောင်မှာ  ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား  ၁၁ ယောက်ကို  ​အောက်တိုဘာလ ၁၉ ရက်နေ့မှာ အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်း​ထောင်မှာဖမ်းဆီးခံထားရတဲ့ ပုသိမ်မြို့နယ်နဲ့ သာပေါင်းမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကတော့ ပြန်လွတ်လာတာ မရှိသေးပါဘူး။

"သူတို့ဖိအား​တွေ​ကြောင့် လွှတ်​ပေးတာ​လေ၊ မဖမ်းသင့်ဘဲဖမ်းထားတာ​။ အကုန်လွှတ်ရမှာ အာဏာ​တောင်လုယူထားပြီး အာဏာရှင်​တွေကျဆုံးမှ တိုင်းပြည်​အေးချမ်းမယ်"လို့ နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူတစ်ဦး က ​ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထောင်ချခံထားရသူ  ၁၃၁၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး၊ တရားစွဲဆိုထားသူ ၄၃၂၀ ဦးကို အမှုပိတ်သိမ်းကြောင်း ​အောက်တိုဘာ ၁၈ ရက်​​နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြစ်ဒဏ်ကျခံပြီးသူတွေဟာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁)အရ ပြစ်မှု ထပ်မံကျူးလွန်ပါက အခုကျန်ရှိနေသည့်ပြစ်ဒဏ်တွေကို ထပ်မံ ကျခံရမယ်ဆိုတဲ့  ခံဝန်နဲ့ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024