Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် ဓားထောက် ဆိုင်ကယ်လုယက်မှုဖြစ်ပွား
DVB
·
October 17, 2021
244642775_207736844779094_7534533162956401038_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်‌၊ ရွှေနှင်းဆီမုန့်တိုက်ဘေးလမ်းကြားမှာ အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ဓားထောက်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်စီးလာတဲ့ ညီမလေးကို ကောင်လေး ၃ ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ကပ်လိုက်လာပြီး ညီမလေး ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်၊ ကချင်ဓားရှည်နဲ့ ထောက်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ် လုယူသွားပါတယ်။ မြစ်ကြီးနား မူးယစ်ဆေးသမားတွေ နေ့ခင်းကြောင်တောင် အချိန်တောင် အရမ်းသောင်းကျန်းနေပါပြီ။”

မြစ်ကြီးနားမြို့မှာ အလားတူ ဓားထောက် လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် မြို့ခံပြည်သူတွေ စိုးရိမ်ကြောင့်ကြစွာနဲ့ သွားလာနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024