Home
မြန်မာသတင်း
ရေစကြို PDF က မိုင်တဲလ်တာဝါတိုင်ကို မိုင်းခွဲ၊ နိုင်ငံတဝန်း ၁၅၀ ခန့် ဖျက်ဆီးခံထားရ
DVB
·
October 13, 2021
244954599_1196056957554979_8007329551630472387_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြီးကံကျေးရွာအုပ်စု၊ ကြီးကံကျေးရွာအနီးက အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်တဲ့ မိုင်တဲလ်တိုင် အောက်တိုဘာ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဗုံးကွဲသံကြားလိုက်တယ်။ ပြီးတော့ မိုင်တဲလ်လိုင်းတွေပြတ်ကုန်တယ်။ ဟိုတလောလေးကလည်း မိုင်တဲလ်ဝန်ထမ်းကလေး ၁ ယောက်မိုင်းထိထားတာဆိုတော့ မသွားရဲဘူးလေ” လို့  ပြောပါတယ်။

အဆိုပါ မိုင်တဲလ်တာဝါတိုင် မိုင်းခွဲတိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်သမျှတွေကို အပြတ်ချေမှုန်းသွားမယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက အတည်ပြုပြောပါတယ်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က အကြမ်းဖက်စစ်အုပ်စုနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ မိုင်တဲလ်တာဝါတိုင် ၂၅ တိုင်နီးပါးဖျက်စီးခဲ့ပြီး နိုင်ငံနဲ့အဝှမ်းက မိုင်တဲလ်တာဝါတိုင်ပေါင်း ၁၅၀ နီးပါး ဖျက်ဆီးခံရပြီးဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024