မန္တလေး၊ မဟာအောင်မြေမြို့နယ် ၆၁ လမ်းနဲ့ ၆၂ လမ်းကြား၊ ၃၈ လမ်းနဲ့ ၃၉ လမ်းဝန်းကျင်မှာ အောက်တိုဘာ ၈ ရက် ည ၈ နာရီလောက်အချိန်က ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာမှာ ရဲတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရခဲ့ကာ ဆေးရုံကြီးမှာ တင်ပို့ထားရတယ်လို့ သိရပါတယ်။
“စဖြစ်တာ ဘယ်လိုဖြစ်လဲတော့ မသိဘူး။ မနေ့ညကတော့ အပြန်အလှန်ပစ်တဲ့ပုံပဲ။ အသံတွေ ကြားရတာ။ ညဆိုတော့ ထွက်လည်းမကြည့်ရဲဘူး”လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
သေနတ်ကျည်ဆန် ထိမှန်တဲ့ ရဲဟာ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းက ရဲတပ်သား စစ်ငြိမ်းအေး ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။