
မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက တောင်သာနဲ့ မြင်းခြံမြို့နယ်တွေကို Stay At Home အမိန့်ကို အောက်တိုဘာ ၈ ရက်မှာ ဖြေလျော့ပေးလိုက်တယ်လို့ မြို့နယ်ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း မြင်းခြံခရိုင် ၄ မြို့နယ်မှာ မနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း နေ့မထွက်ရ Stay At Home အမိန့်ကို ဇူလိုင်လအတွင်းက သတ်မှတ်ခဲ့တာပါ။
မနက် ၁၁ နာရီက ညနေ ၄ နာရီအထိ နေ့မထွက်ရအမိန့်ကို အောက်တိုဘာ ၈ ရက်ကစပြီး မြင်းခြံမှာ ည ၈ နာရီက မနက် ၄ နာရီနဲ့ တောင်သာမှာတော့ ည ၇ နာရီက မနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
Stay At Home အမိန့်ကို မြင်းခြံခရိုင်မှာ ၄ မြို့နယ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး အစောဆုံး သတ်မှတ်ခံရတဲ့ နွားထိုးကြီးမြို့နယ်က ဖြေလျှော့ပေးတဲ့ထဲ မပါသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။