Home
မြန်မာသတင်း
မြောင်မြို့နယ် စံပယ်ရုံကျောင်းက သံဃာ ၅ ပါးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
October 8, 2021
244763396_3051840521810355_2910916373104612703_n

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ အောက်တိုဘာ ၇ ရက် ညနေပိုင်းက PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး သံဃာ ၅ ပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

မင်းတန်းကျေးရွာ စံပယ်ရုံဘုန်းကြီးကျောင်းက  သံဃာ ၅ ပါးဟာ အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးခံရတဲ့ ကိုသန့်ဇင်ဆိုသူနဲ့ ဆက်သွယ်ခဲ့တယ်ဆိုပြီး အကြောင်းပြကာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

စပါယ်ရုံ ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတစ်ဦးက “လွန်ခဲ့တဲ့ ၃ ရက်က  ကိုသန့်ဇင်  မြင်းမူကို ဆိုင်ကယ်နဲ့ သွားတုန်း အဖမ်းခံခဲ့ရတယ်။ ကိုသန့်ဇင်နဲ့  အချိတ်အဆက်ရှိတယ်ဆိုပြီး သံဃာ ငါးပါးလာရောက်ဖမ်းဆီးခြင်း ဖြစ်နိုင်တယ်၊ ကျောင်းမှာလည်း မီးနဲ့ရှို့သွားတယ်” လို့ ပြောသည်။

စံပယ်ရုံဘုန်းကြီးကျောင်းရှိ  သံဃာတွေကို ဖမ်းဆီးပြီး ကျောင်းတိုက်အတွင်းရှိ  ကွန်ပျူတာနဲ့ ဖုန်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလက စတင်ကာ မြောင်မြို့နယ်မှာ ဒေသခံ PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ဆက်တိုက်ပွားနေတာကြောင့် ကျောက်ရစ်ကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024