Home
မြန်မာသတင်း
ယာဉ်များကို အဓမ္မငွေညှစ်နေသည့် ဝေါမြို့နယ်ရဲတပ်ဖွဲ့ ကားတိုက်ခံရ၊ ရဲအုပ် ၁ ဦး သေဆုံး
DVB
·
October 8, 2021
244648912_2743879829238041_2040744276115993512_n

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှာ ​ မော်တော်ယာဉ်တွေကို ​အ​ပြစ်မရှိ အ​ပြစ်ရှာတားဆီး​ပြီ အဓမ္မ ငွေညစ်တောင်းယူနေတဲ့အဖွဲ့ အောက်တိုဘာ ၇ ရက်​နေ့ ည ၇ နာရီလောက်က ကားနဲ့ အတိုက်ခံရတာကြောင့်  ရဲအုပ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ဝေါ​မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် မင်းသိန်းနဲ့အဖွဲ့ဟာ ​နေ့စဥ် ညဘက်တွေမှာ မူးယစ်​သောက်စား​​ပြီး လူရှင်းတဲ့ ​မြို့ပြင်ထွက်ကာ  မြဝတီဘက်က လာတဲ့ကားတွေကို အကြောင်းမဲ့တားဆီးစစ်ဆေး​​ပြီ အပြစ်မရှိအပြစ်ရှာ အဓမ္မ ငွေညစ်တောင်းယူနေတာ ​ကြာ​ပြီလို့ ဆိုပါတယ်။

မနေ့ညက ရှမ်းစု​ကျေးရွာအနီးမှာ မော်တော်ယာဉ်တွေကို တားဆီးပြီ အ​ပြစ်မရှိအ​ပြစ်ရှာဆဲဆို​ကြိမ်း​မောင်းကာ  အဓမ္မ ငွေညစ်တောင်းယူနေချိန် ကား​နဲ့ အတိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"​မြို့ပြင်ထွက်ပြီ မူးကြောင်ကြောင်နဲ့ ကားတွေလိုက်တား၊ မှောင်မှောင်မည်းမည်းနဲ့ အခုလို အချိန်အခါမှာ ဘယ်ကားသမားက ရပ်ရဲမလဲ။ စစ်ဆေးမယ်ဆို မြင်သာထင်သာရှိတဲ့ မြို့ထဲမှာ စစ်လေ၊ ညကသူတို့အဖွဲ့ တော်တော်မူးနေကြတယ်။ မူးရူးပြီ ​မြို့​ပြင်ထွက်လမ်းပေါ်တက်​ပြီ တရား လက်လွန်  လုပ်ချင်သလိုလုပ်နေကြတာဆိုတော့ အတိုက်ခံရတာ နည်း​တောင်နည်း​သေးတယ်။"

ယာဉ်တိုက်မှုကြောင့် နယ်ထိန်းခေါင်း​ဆောင် ရဲအုပ်မင်းသိန်းမှာ ဒဏ်ရာ​ပြင်းထန်စွာနဲ့  သေဆုံးခဲ့ပြီ ယာဉ်တိုက်သွားသူကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024