Home
မြန်မာသတင်း
ရေစကြိုတွင် Mytel တာဝါတိုင်မီးစက် ဆီဖြည့်သူ ၃ ဦး မိုင်းနင်းမိ၊ ၁ ဦး ခြေထောက်ပြတ်
DVB
·
October 8, 2021
244342446_172934671673464_7678002840405533576_n

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းက Mytel တာဝါတိုင်က မီးစက်ကို ဆီလာဖြည့်တဲ့ ဝန်ထမ်း ၃ ယောက် မိုင်းနင်းမိလို့ တစ်ယောက် ခြေထောက်ပြတ်သွားပါတယ်။

ညနေ ၆ နာရီလောက်က ဂွေးဂုဏ်ရွာက ဆက်သွယ်ရေးတာဝါတိုင်အတွက် ဝန်ထမ်း ၃ ယောက် ဆီလာဖြည့်ရာမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းပေါက်ကွဲတာလို့ ဒေသခံတဦးက ပြောပါတယ်။

"အုန်းခနဲ အသံတော်တော်ကျယ်တယ်ဗျ။ ကျနော်တို့ မကပ်ရဲဘူး။ ကယ်ပါဦး ကယ်ပါဦး အော်သံပဲကြားရတယ်။ ခြေထောက် ပြတ်သွားတယ်လို့လည်း ပြောသံကြားလိုက်ရတယ်။"

သူတို့ထဲက ၂ ယောက်ကတော့ ဘာမှမဖြစ်ဘူးလို့ သိရပြီး ဒဏ်ရာရသူကို သူတို့လာတဲ့ကားနဲ့ ပြန်ခေါ်သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024