
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်က ရာအိမ်မှူးတယောက် အောက်တိုဘာ ၆ ရက် ဒီမနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ရာအိမ်မှူး ဦးဇော်မင်းဟာ ပြည်ကြီးတံခွန်မြို့နယ် ၁၁၅ လမ်းနဲ့ ၅၉ လမ်းထောင့်မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ချမ်းမြသာစည်က ရာအိမ်မှူး ဦးဇော်မင်း မနက် ၈ နာရီလောက်က သေနတ်ပစ်ခံရပြီး လဲကျ သေဆုံးနေတာတွေ့တယ်။ ဘယ်သူပစ်သွားလဲတော့ မသိလိုက်ဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
ရာအိမ်မှူးသေနတ်ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ရောက်ရှိလာပြီး စုံးစမ်းစစ်ဆေး မေးမြန်းနေပါတယ်။
အောက်တိုဘာ ၁ ရက်ကလည်း မန္တလေးမြို့နယ် မတ္တရာမြို့က လုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး ဒလန်လို့ အမည်ထွက်နေတဲ့ ဦးစံလှကို အမည်မသိအဖွဲ့က နောက်စေ့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။