
တောင်ကိုရီးယားနိုင်ငံရဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်မှာ လေတပ်၊ ရေတပ် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ပြီး ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို သမ္မတ မွန်ဂျေအင် တက်ရောက်ပါတယ်။ မြောက်ကိုရီးယားက သူတို့ အသစ် တီထွင်ထားတဲ့ လေယာဉ်ပစ်ဒုံးကျည် ဒုံးခွင်းဒုံးကို စမ်းသပ် ပစ်လွှတ်နိုင်တယ်လို့ ကြေညာ အပြီး နောက်တစ်ရက်မှာ တောင်ကိုရီးယားရဲ့ တပ်မတော်နေ့ အခမ်းအနား ကျင်းပတာပါ။
ပြီးခဲ့တဲ့ ကြသာပတေးနေ့ကလည်း တောင်ကိုရီးယားတပ်ဖွဲ့တွေဟာ ကိုရီးယားစစ်ပွဲ ကာလတုန်းက သမိုင်းဝင် မာရာဒိုကျွန်းမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ဒီ ရက်သတ္တပတ်တွေအတွင်းမှာ မြောက်ကိုရီးယားဟာ ကာကွယ်ရေးအတွက် စစ်လက်နက် စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ပြောနေပြီး အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယားတို့ကို လည်း ရန်လို အပြစ်တင်တဲ့ စကားတွေကို ပြောနေတာပါ။
ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက တောင်ကိုရီးယားကို တိုက်ခိုက်စရာ အကြောင်းမရှိတဲ့ အကြောင်းနဲ့ နှစ်နိုင်ငံကြားမှာ အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ပြန်ဖွင့်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။