
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့မှာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက်က ရိက္ခာဝယ်ရန်လာတဲ့ စစ်ကောင်စီကားကို ဗုံးပစ်ထည့်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီမနက် ၉ နာရီလောက်က ပျဥ်းမနားမြို့ KBZ ဘဏ် အမှတ် ၃ အနီးမှာ ရိက္ခာလာဝယ်တဲ့ စစ်ကားကို အမည်အသိ လူတစ်စုက လက်လုပ်ဗုံးနဲ့ ထုပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဗုံးက ကားဘောင်နဲ့ ထိပြီး လမ်းပေါ် လွင့်စင် ပေါက်ကွဲသွားတာကြောင့် စစ်သားတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဗုံးပေါက်တဲ့ နေရာအနီးမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်း စစ်ဆေးရေး ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။