မုံရွာမြို့ နှစ်နေရာတွင် ဗုံးပေါက်ကွဲ
DVB
·
September 27, 2021
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ စသုံးလုံးရုံးမှာ စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး စစ်ဆေးခဲ့ကြပါတယ်။
ဒါ့အပြင် မုံရွာမြို့ ပြည်ထောင်စုလမ်း ဆီဆိုင်တစ်ဆိုင်အနီးမှာလည်း ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။