ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် (စျ)စျေး လမ်းဆုံမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီခွဲလောက်က အရပ်ဝတ်စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ ပြည်သူ့တပ်မတော် (DRPA) အဖွဲ့ဝင်တချို့ ပစ်ခတ်မှုဖြစ်ရာမှ စစ်သား ၁ ဦး သေဆုံး ၁ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ သိရါတယ်။
DRPA ဒုစစ်ဦးစီးချုပ်က “DRPA က အဖွဲ့ဝင်တချို့ အဲ့လမ်းဆုံကိုရောက်တော့ အရပ်ဝတ်နှစ်ယောက်က အတင်းစစ်ဆေးတာတွေ လုပ်တယ်။ အဲ့မှာတင် ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး DRPA ဘက်က သေနတ်နဲ့တခါတည်း ပစ်လိုက်တာ တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကားတွေ ရောက်လာကာ စျေးပတ်ဝန်းကျင်မှာ ဆဲဆိုခြိမ်းခြောက်သွားကြတယ်လို့ စျေးသည်တွေက ပြောပါတယ်။
DRPA အနေနဲ့ ဧပြီ ၂၈ ရက်ကစပြီး ရန်ကုန်မြို့တွင်း ပြောက်ကျားတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာပါ။
''အာဏာရှင်နဲ့ အပေါင်းအပါတွေကို ရတဲ့နည်းနဲ့ ရရင်ရသလို သုတ်သင်ရှင်းလင်းပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆက်လက်ကာကွယ်သွားမယ်'' လို့ ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။