Home
မြန်မာသတင်း
ဖက်စစ်စစ်တပ်ပိုင် အကျိုးစီးပွားလုပ်ငန်းများကို သပိတ်မှောက်ကြရန် ရေးမြို့ PDF တိုက်တွန်း
DVB
·
September 23, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်က ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အကျိုးစီးပွား လုပ်ငန်းမှန်သမျှကို သပိတ်မှောက်ကြဖို့ စက်တင်ဘာ ၂၃ ရက်နေ့က ရေး PDF က တိုက်တွန်းလိုက်ပါတယ်။

အခုအချိန်မှာ လူသုံးများတဲ့ စစ်တပ်အကျိုးစီးပွားနဲ့ ဆက်နွှယ်တဲ့ ထုတ်ကုန်နဲ့ပတ်သတ်ပြီး သပိတ်မှောက်ရမယ့် ထုတ်ကုန်တွေကိုလည်း အသိပေးကြေညာထားပါတယ်။

ဘီယာမှာဆိုရင် Myanmar Beer, Myanmar Premium Beer, Adaman Gold, Dagon Beer, Mandalay Beer နဲ့ Black Shield တို့ဖြစ်ပြီး စီးကရက်ထုတ်ကုန်တွေက Red Ruby နဲ့ Premium Gold တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဈေးကွက်မှာ  အဓိကက  ရောင်းသူနဲ့ ဝယ်သူရှိတဲ့အတွက်   အဓိကအခြေခံအနေနဲ့ ဝယ်သူတွေကစပြီး မဝယ်ယူကြဖို့၊ တပ်ပိုင်းထုတ်ကုန်မှန်သမျှကိုလည်း မဝယ်ယူ အားမပေးဘဲ နေကြပါ။ ထိုနည်းလည်းကောင်း ရောင်းသူတို့ကလည်း တပ်ပိုင်းပစ္စည်းဆို ဆိုင်ပေါ်မတင်၊ မရောင်းချဘဲ နေကြဖို့”  တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အခု မိုင်တဲလ်တာဝါတိုင်တွေ ဖျက်ဆီးခံရတဲ့အခါ စစ်တပ်ဘက်က အထိနာနေခဲ့သလို စစ်တပ်ရဲ့ အကျိုးစီးပွား လုပ်ငန်းတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားလုံးသပိတ်မှောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

"ကိုယ်တစ်ယောက်မလုပ်လည်း ဘာမှမဖြစ်ပါဘူး"ဆိုပြီးနေမယ်ဆိုရင် ကိုယ်လိုလူတွေ တစတစ များလာမယ်ဆိုရင် ဖြစ်လာမယ့်ငွေတွေက စစ်တပ်ကို အကျိုးအမြတ် အကြီးကြီးပေး သလို ဖြစ်သွားစေတဲ့အတွက် ပြည်သူတစ်ရပ်လုံးအနာဂတ်အတွက် ဖက်ဆစ်ထုတ်ကုန်မှန်သမျှ သပိတ်မှောက်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။

ရေးမြို့နယ်မှာ  မိုင်တဲလ်တာဝါတိုင်  ၄ ခု ကို ရေးမြို့  PDF မှ တပတ်အတွင်း ဖျက်ဆီးထား ခဲ့ပြီးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024