
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာမှာနေထိုင်တဲ့ တပ်ထွက် ၂ ဦးဟာ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်၊ နေ့လယ်ပိုင်း ညောင်ဦးလမ်း၊ အညာထန်းရည်ဆိုင်ရှေ့မှာ သေနတ်နဲ့ပစ်သတ်တာခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေနတ်နဲ့ပစ်သတ်ခံလိုက်ရသူတွေဟာ ကိုဝင်းလှိုင်နဲ့ ကိုမျိုးစန်း တို့ဖြစ်ကြပြီး နှစ် ယောက်လုံးစစ်မှုထမ်းဟောင်းတွေဖြစ်ကြသလို စစ်ကောင်စီရဲ့ဒလန်သတင်းပေးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
''သူတို့က စစ်ထွက်တွေ။ ပြီးတော့ စစ်တပ်ရဲ့သတင်းပေးဒလန်လုပ်နေတဲ့ကောင်တွေ သေတာပဲ ကောင်းတယ်။ နေရာမှပဲ ပွဲချင်းပြီးသေတာ'' လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
ကိုဝင်းလှိုင်နဲ့ ကိုမျိုးစန်း တို့ကို သေနတ်နဲ့ ၂ ချက်စီ ပစ်ပြီး သတ်လိုက်တာလို့ MGN TIGER အဖွဲ့ရဲ့တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။