
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလုပ်ကွက်ကို ပို့ဆောင်ပေး တဲ့ ရေပိုက်လိုင်း ၁ ခု စက်တင်ဘာ ၂၀ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ ရေပိုက်လိုင်းဟာ မုံရွာ-ပုသိမ် ကားလမ်းဘေး အရှေ့ဘက်၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံရဲ့ အနောက်ဘက်က ရေပိုက်လိုင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက် ည ၉ နာရီခန့်လောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
အခုလိုလုပ်ဆောင်ရတာဟာ တရုတ်နိုင်ငံက အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို အနိုင်ကျင့်ယုတ်မာမှုတွေအတွက် ပြန်ပေးဆပ်ရမယ့်သဘော ဆောင်စေချင်လို့ လုပ်ဆောင်တာလို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
အဲဒီရေပိုက်လိုင်းဟာ မြန်မာ-ယန်စီ လုပ်ကွက်ကနေ မြန်မာ-ဝမ်ပေါင်လုပ်ကွက်ထဲကို ပေးပို့ထားတာဖြစ်ပြီး ဝမ်ပေါင်လုပ်ကွက်အတွင်းမှာရှိတဲ့ မွေးမြူရေးကြက်ခြံအပါဝင် စိုက်ပျိုးရေးနဲ့ လူသုံးရေ စသည်တို့ အသုံးပြုနေတဲ့ပိုက်လိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတွေဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံမှ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းကာ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင် နဲ့ ကြေးစင်တောင်တို့မှ ကြေးနီသတ္တုကို အဓိကတူးဖော်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဆားလင်းကြီးမြို့နယ်ထဲက မြန်မာ-ဝမ်ပေါင်၊ မြန်မာ-ယန်စီ လုပ်ကွက်တွေကို သွယ်တန်းထားတဲ့ရေပိုက်လိုင်း ၁ ခု ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖောက်ခွဲခံရပြီး အခုအကြိမ်နဲ့ဆို မိုင်းခွဲဖျက်ဆီးခံရတဲ့ ရေပိုက်လိုင်း ၂ ခု ရှိပြီ ဖြစ်ပါတ