မုဒုံတွင် ဆားများသယ်ဆောင်လာသည့် စစ်ကားမှောက်ပြီး စစ်သား ၂ ဦး ဒဏ်ရာရ
DVB
·
September 19, 2021

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ဆားတွေ သယ်ဆောင်လာတဲ့ စစ်ကားတစ်စီးတိမ်းမှောက်ပြီး ကားပေါ်မှာလိုက်ပါလာတဲ့ စစ်သား နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ ဆားတင်လာတဲ့ စစ်ကားတစ်စင်းဟာ ရောင်းဒေါင်း တံတားပေါ်မှာ အရှိန်မထိန်းနိုင်ပဲ တိမ်မှောက်သွားတာဖြစ်ပါတယ်။
အဆိုပါကားပေါ်ပါလာတဲ့ လုံခြုံရေးတပ်သား နှစ်ယောက် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊ လက်ကျိုးဒဏ်ရာ ရရှိသွားလို့ ပရဟိတအသင်းက ဆေးရုံပို့ပေးလိုက်ရတယ်လို့ ဒေသခံက ပြောပါတယ်။