Home
မြန်မာသတင်း
ကျိုက်ထို NLD ပါတီအလုပ်မှုဆောင်၏ခင်ပွန်း ဖမ်းဆီးခံရပြီး ၄ ရက်အကြာ၌ သေဆုံး
DVB
·
September 16, 2021
241287652_1701722653491996_8485168927230900913_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်သီတာအေးရဲ့ ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရပြီး ၄ ရက်အကြာမှာ သေဆုံးကြောင်း စစ်ကောင်စီ အကြောင်းကြားလာတယ်လို့ ကျိုက်ထို NLD ပါတီတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှာ ဒေါ်သီတာအေးကို စစ်ကောင်စီက ဖမ်းဆီးဖို့ လာရောက်ခဲ့တာဖြစ်ပြီး ဒေါ်သီတာအေးကို မတွေ့လို့ ခင်းပွန်ဖြစ်သူ ဦးရန်နိုင်ဦးနဲ့ ရပ်ကွက်နေ ကိုထွန်လင်းတို့ကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ကိုထွန်းလင်းကတော့ ဖမ်းဆီးခံရပြီး ၁ ရက်အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

လာရောက်ဖမ်းစီးစဉ် ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်သွားသလို ဖမ်းဆီးပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ဦးရန်နိုင်ဦး သေဆုံးသွားပြီလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိသားစုကို အကြောင်းကြားလာခဲ့တာ ဖြစ်ပါတယ်။

ဦးရန်နိုင်ဦးဟာ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ကျေးရွာ စာရေးတစ်ဦးလည်း ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက NLD ပါတီဝင်တွေ၊ CDM ဝန်ထမ်းတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အင်အားသုံးပြီး ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024