ရန်ကုန်- မြ၀တီ- ဘန်ကောက် ခရီးစဉ် ပြေးဆွဲမည်
DVB
·
December 19, 2013
လာမယ့် ၂၀၁၄ နှစ်ဆန်းပိုင်းကျရင် ကျပ်ငွေ ၃ သောင်းပဲ ကုန်ကျမယ့် ရန်ကုန်- မြ၀တီ- ဘန်ကောက် ၂ ထပ် ဘတ်စ်ကားလိုင်းသစ် ပြေးဆွဲမယ်လို့ ရန်ကုန်-အဲဘတ်စ် တက္ကစီ ကုမ္ပဏီ တာဝန်ရှိသူ ဦးဇွန်မောင်မောင်က ဒီဇင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီခရီးစဉ်ကို ကိုရီးယားနဲ့ ဂျပန်နိုင်ငံထုတ် ၂ ထပ် ဘတ်စ်ကားတွေနဲ့ ရန်ကုန်- ဘန်ကောက် ၁၂ နာရီလောက်ပဲ ပြေးဆွဲမယ်လို့ ကြေငြာပေမယ့် ကရင်ပြည်နယ် ကော့ကရိတ်- မြ၀တီ ဒေါန တောင်ကျော်လမ်းဟာ အလွန်ကြမ်းတမ်း ဆိုးရွားတဲ့အတွက် အဲဒီလောက် အချိန်နဲ့ မဖြစ်နိုင်ဘူး လို့ မြ၀တီမြို့ခံ ကုန်သည်တချို့က ပြောပါတယ်။
ရန်ကုန်-အဲဘတ်စ် တက္ကစီကုမ္ပဏီဟာ အဲဒီ ဘန်ကောက် ခရီးစဉ်တင်မက ရန်ကုန်- ထားဝယ်- ဘန်ကောက် ခရီးစဉ် အပါအ၀င် ခရီးစဉ်ပေါင်း အများအပြားပြေးဆွဲမယ်လို့လည်း ကြေညာထား ပါတယ်။