Home
မြန်မာသတင်း
ထိုင်းတွင် ဘတ် ၅ သန်းခန့်တန်ဖိုးရှိ ကိုဗစ်ကာကွယ်ရန်သုံးသည့် တရားမဝင်ပစ္စည်းများ ဖမ်းမိ
DVB
·
September 14, 2021
564000009303001
564000009303004
564000009303003
564000009303002

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဖို့သုံးတဲ့ စုစုပေါင်း တန်ဖိုး ဘတ် ၅ သန်းခန့်ရှိ တရားမဝင် အရက်ပျံ၊ ဂျယ်လီနဲ့ ဖျန်းဆေးတွေကို စက်ရုံအချို့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုအရှိန်မြင့်လာတဲ့နောက် ကိုဗစ်ကာကွယ်ရေး လက်သန့်စင်ရန်အသုံးပြုတဲ့ အယ်လ်ကိုဟော (အရက်ပျံ)၊ ဂျယ်လီ နဲ့ စပရေးဖျန်းဆေးတွေ ရောင်းကောင်းနေတာကို အခွင့်ကောင်းယူပြီး တရားမဝင်ထုတ်လုပ်နေကြတာလည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်၊ အယုဒ္ဓယနဲ့ စမွတ်ပရကန်ခရိုင် ၃ ခုကနေ တရား မဝင် အယ်လ်ကိုဟောထုတ်လုပ်မှု သွားရောက်ဖမ်းဆီးနှိမ်နင်းခဲ့တယ်လို့ စမွတ်ပရကန်မှုခင်းရဲ တပ်ဖွဲ့က ရဲမှူးကြီး နာ့ဿ်ဆဒီး ချဝနားဆိုင်က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က ဘန်ကောက် ဖယားထိုင်းနယ်မြေ ဆမ်ဆဲင်ရပ်ကွက် ဖဟွန်ယိုးထင်းလမ်း ထဲမှာလည်း အယ်လ်ကိုဟောလ်ထုတ်လုပ်မှုရှိပြီး မီးဘေးအန္တရာယ်စိုးရိမ်ရတဲ့အတွက် တိုင်ကြားလာတာကြောင့် နယ်မြေခံရဲ၊ ကျန်းမာရေးဆိုင်ရာထုတ်ကုန်စစ်ဆေးရေးဌာန၊ အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက တာဝန်ရှိသူတွေနဲ့အတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ 

အဲဒီကနေ ပါဝင်ပတ်သက်သူ ၅ ဦးကိုဖမ်းဆီးခဲ့ပြီး အဆိုပါနေရာမှာ ပစ္စည်းသိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းသာဖြစ်ကာ အဓိကထုတ်လုပ်တဲ့နေရာမှာ စမွတ်ပရကန်နဲ့ အယုဒ္ဓယခရိုင်မှာဖြစ်တယ်လို့ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စမွန်ပရကန် ဘန်ဖရီမြို့နယ်ရှိ အလှကုန်ထုန်လုပ်ရေးစက်ရုံ ၂ ရုံ နဲ့ အယုဒ္ဓယခရိုင် နခွန်းလုံမြို့နယ် အလှကုန်စက်ရုံ ၂ ရုံကိုပါ သွားရောက်စစ်ဆေးပြီး စုစုပေါင်း ဘတ် ၅ သန်းခန့် တန်ဖိုးရှိ ထုတ်လုပ်ပြီးသား အယ်လ်ကိုဟောလ်၊ လက်ဆေးဂျယ်လီ၊ ဆေးပုလင်း၊ စပရေးဘူးတွေ၊ ပုလင်းခွံနဲ့ ကုန်ကြမ်းပစ္စည်းတွေပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကျန်းမာရေးဆေးဘက်ဆိုင်ရာပစ္စည်းတွေကို တရားမဝင်ထုတ်လုပ်တယ်ဆိုရင် ဥပဒေအရ ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၂ သိန်းထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရမှာ ဖြစ်ပါတယ်။ 

ကိုးကား - မန်နေဂျာအွန်လိုင်း 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024