
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇင်းရွာအနီးမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကို စက်တင်ဘာ ၁၃ ရက်နေ့ညက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ Kanbalu PDF က ထုတ်ပြန်ကြေညာပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ကလည်း ပိတောက်ပင်ရွာအနီးမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ မိုင်တဲလ်တာဝါတိုင်နဲ့ ဆက်စပ်ပစ္စည်း ၅၀ ထက်မနည်း မိုင်းခွဲ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်း အချက်အလက်တွေအရ သိရပါတယ်။
စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားစာတခုမှာတော့ ရဲစခန်းနဲ့ ၇ မိုင်ပတ်လည်အတွင်းမှာ နယ်မြေခံရဲစခန်းက တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ရမယ်၊ ၇ မိုင်ထက်ကျော်လွန်တဲ့ တာဝါတိုင်တွေကိုတော့ စစ်တပ်နဲ့ပူးပေါင်း စောင့်ရှောက်ရမယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ညွှန်ကြားစာဟာ အစစ်အမှန် မသိရပေမဲ့ စစ်ကိုင်းတိုင်းအတွင်းက တချို့မြို့နယ်တွေမှာတော့ တာဝါတိုင်နဲ့နီးတဲ့ ရွာသူရွာသားတွေက နေ့ည အလှည့်ကျ ထိန်းသိမ်းစောင့်ရှောက်နေကြတယ်လို့ သိရပါတယ်။