Home
မြန်မာသတင်း
ပုလဲမြို့နယ် စံပြကျေးရွာကို စစ်တပ် ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီး
DVB
·
September 14, 2021
241904402_533325371076992_7184871734944022984_n
241888974_533325097743686_8798607199540170170_n
241879691_533325294410333_4679110892996788227_n
242015894_533325251077004_7359569173827592474_n
241980864_533325214410341_7281640680061458570_n
241962128_533325327743663_5997465776575623472_n

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ  စံပြကျေးရွာကို စက်တင်ဘာ ၁၄ ရက် ဒီနေ့ မနက် ၆ နာရီခွဲလောက်က  စစ်ကောင်စီအကြမ်းဖက်တပ်တွေ ဝင်ရောက် ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံရွာသူရွာသားထောင်နဲ့ချီ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒေသခံရွာသားတစ်ဦးက “ကျနော်တို့ရွာအနီး‌ စစ်ကောင်စီတပ်တွေ လာချိန်ကတည်းက ရွာသားတချို့ တဝက်က  ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်‌နေကြတယ်။ ရွာအနီးလည်းရောက်ရော လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ဖောက်ပြီး ရွာထဲဝင်လာကြတယ်ဗျ။ ရွာထဲကို ဒီကောင်တွေရောက်လာပြီး‌ PDFရှိလား၊ လက်နက်ကိုင်တဲ့သူရှိလား အဲလိုတွေ မေးတယ်။ ကျနော်တို့ရွာမှာ ဘာလက်နက်ကိုင်၊ ဘာ PDF မှ မရှိဘူးလို့ ပြောတာကို မရဘူး။ ပထမကားတစ်စီးကို မီးရှို့တယ်။ နောက်ပြီး ဆိုင်ကယ်တွေကို မီးရှို့တယ်။ အဲလို လုပ်တာတွေလဲ မြင်ရော ကျနော်တို့ ရွာအတွင်းကျန်ခဲ့တဲ့သူတွေ အကုန်ဘေးလွတ်ရာကို ကြောက်အားလန့်အားနဲ့ ထွက်ပြေးခဲ့ရတယ်ပေါ့။’

ထွက်ပြေးတဲ့ ရွာသားတွေကိုလည်း စစ်ကောင်စီတပ်တွေက လိုက်လံပစ်ခတ်ခဲ့ရာမှာ  ရွာသား တချို့ ဒဏ်ရာရသွားပြီး အရေအတွက် အတိအကျတော့ မသိဘူးလို့ စံပြရွာခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“မသေတာ ကံကောင်းတာဗျ။ အဲလို ထွက်ပြေးရမလားဆိုပြီး သေနတ်နဲ့ လှမ်းပြီး ပစ်တာတွေရှိတယ်။ သေနတ်မှန်ထားတဲ့ သူတွေလည်း ရှိတယ်။ ဘယ်နှစ်ယောက် မှန်ထားတယ်ဆိုတာကတော့ အတိအကျပြောလို့ မရသေးဘူးဗျ။ အခုထိ ရွာထဲမှာ စစ်ကောင်စီ တပ်တွေက ရှိနေသေးတယ်ဗျ” လို့ စံပြ ရွာသားက ပြောပါတယ်။

စစ်ကိုင်းအတွင်း စစ်ကောင်စီတပ်တွေက နယ်မြေရှင်းရေးကိုအကြောင်းပြုပြီး ဒေသခံ ကျေးရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်နဲ့ပစ္စည်းတွေကိုအကြောင်းမဲ့ မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024