
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်း သောင်ကြီးရဲစခန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စက်ရုံနားမှာ ဒီနေ့ ညနေ ၃ နာရီ ၂၀ မိနစ်နဲ့ ၃ နာရီ ၃၀ မိနစ်တို့မှာ ၁၀ မိနစ်ခြားပြီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဖောက်ခွဲမှုကို CGF-HTY က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရပြီး ၂ ဦးသေဆုံးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းတွေအနီး ပေါက်ကွဲမှု ပိုများလာတယ်လို့ မြို့ခံတွေ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။