ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ထောက်လှမ်းရေးသူလျှို တစ်ယောက် ဖြစ်လာဖို့ သူ့ရဲ့ ငယ်ဘဝ အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
ရုရှားအရှေ့စွန်းက ဆိပ်ကမ်းမြို့ ဗလာဒီဗိုစတော့ခ်မြို့မှာ စက်တင်ဘာ ၁ ရက်က ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲအတွင်း ပြောလိုက်ပါတယ်။
ဒါဟာ ကျနော့်ဘဝ ဘယ်လို ပြောင်းလဲလာတယ်ဆိုတာပဲ။ ထောက်လှမ်းရေး အရာရှိတယောက်ရဲ့ အဓိက ပန်းတိုင်က တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ ဖြစ်ခဲ့ပြီး ရုရှားသမ္မတ ဖြစ်လာတဲ့ အခါမှာလည်း အလားတူ ဆောင်ရွက်ခဲ့တယ်လို့ ပူတင်က ဆက်ပြောပါတယ်။
ပညာသင်ဆုရတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲအတွင်း ကျောင်းသား တစ်ဦးက အခွင့်အရေးကို ဖမ်းဆုပ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ ယူကျု ချန်နယ်ကို ပူတင်က ဝင်ကြည့်အောင် လုပ်နိုင်ခဲ့တာပါ။
မွန်ဂိုလီးယားနိုင်ငံရဲ့ မြောက်ဘက်၊ ဆိုက်ဘေးရီးယားဒေသအရှေ့ပိုင်းမှာရှိတဲ့ ရုရှား ဘာယာတီယာ သမ္မတနိုင်ငံက အသက် ဆယ်နှစ်အရွယ် ကျောင်းသားက ဘိုင်ကယ်ရေကန်ကြီးကို ကာကွယ်စောင့်ရှောက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု ခဲ့ပါတယ်။