Home
မြန်မာသတင်း
မကွေးမြို့နယ်က သက်ကြီးဘိုးဘွားများကို အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
DVB
·
July 30, 2021
228193934_2632840087017436_2326009397493673360_n
228118988_2632839947017450_5286029653184313300_n
227346135_2632840007017444_8993317932492259032_n
226939942_2632839790350799_7623348076074492246_n
226073036_2632839867017458_4602584287958636688_n

မကွေးမြို့နယ်ထဲမှာ ကျေးလက်မြေပရဟိတအဖွဲ့က ဦးဆောင်ကာ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး သက်ကြီးဘိုးဘွားတွေကို အခြေခံစားသောက်ကုန်တွေ ဇူလိုင် ၃၀ ရက်နေ့မနက်ပိုင်းက ထောက်ပံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သက်ကြီးဘိုးဘွားတွေအတွက် ဆန် ၄ ပြည်၊ ဆီ ၅၀ သား ၊ကြက်ဥ ၅ လုံးနဲ့ ကွေကာအုပ် ၅ ထုပ်စီ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ လှူဒါန်းခဲ့တာလို့ ကျေးလက်မြေ ပရဟိတ အဖွဲ့က ဦးဆောင်သူ ကိုဇော်မင်းထိုက်က DVB ကို ပြောပါတယ်။

ကျေးလက်မြေပရဟိတ အဖွဲ့အနေနဲ့ နွေရာသီရေရှားပါးတဲ့နေရာတွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ ၇ နှစ်အတွင်းမှာ ကျပ်သိန်းပေါင်း ၉၀၀၀ ကျော်လောက်ကုန်ကျခံကာ စက်ရေတွင်း ၄၉ တွင်းတူးဖော်ပေးခဲ့တဲ့အပြင် ကျပ်သိန်းပေါင်း ၈၀၀ ကျော်လောက်ကုန်ကျခံကာ သောက်သုံးရေတွေလည်း လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် ကင်းမရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့သွားတာကြောင့် မီးဘေးသင့် ပြည်သူတွေကိုလည်း အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ကျပ်သိန်း ၅၀ လှူဒါန်းပေးခဲ့တဲ့အပြင် မကွေးမြို့နယ်ထဲမှာ  ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေအတွက်လည်း စဥ်ဆက်မပြတ်လှူဒါန်းခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးလက်နေအမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ လူအခွင့်ရေးနဲ့ ဒီမိုကရေစီရရှိရေးလုပ်ငန်းတွေကိုလည်း တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024