Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူဦးရေ ၃၀၀၀ ခန့် ရေဘေးရှောင်နေရ
DVB
·
July 29, 2021
193321608_909405079919766_3170251016528588448_n
225903454_909404766586464_2041290605505025650_n
224977733_909404989919775_3114925398851514890_n
224629481_909404876586453_8424844381583142480_n
223557160_909405043253103_8190622213805487052_n
213283558_909404713253136_2726507640010144975_n
205628109_909405476586393_3023093614372893753_n
198818985_909404939919780_7157377983845135508_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဇမိမြစ်ရေလျှံမှုကြောင့် အိမ်ထောင်စု ၆၈၀ ဟာ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ခိုလှုံနေရပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ကစတင်ပြီး ဇမိမြစ်ရေဟာ စိုးရိမ်မှတ် ၁၀၆၆ စင်တီမီတာကို ကျော်လွန်ရောက်ရှိခဲ့လို့ မြို့ပေါ် ၆ ရပ်ကွက်၊ ကျုံဒုံမြို့နဲ့ ဘုရားသုံးဆူမြို့နယ်အတွင်းက ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၅ ရွာက အိမ်ထောင်စု ၆၈၀ စု၊ လူဦးရေ ၃၀၀၀ လောက်ဟာ ရေဘေးရှောင် ခိုလှုံနေရတာပါ။

ရေဘေးသင့်ပြည်သူတွေဟာ ယာယီဖွင့်လှစ်ထားတဲ့ ဆိုက်ကလုံးခိုနားရာနေရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအနီးက အဆောက်အဦတွေအပြင် နီးစပ်ရာဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ခိုလှုံနေရတာပါ။

ရေဘေးကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက "လတ်တလောအခြေအနေအတွက် တတ်နိုင်တဲ့ဘက်က အစားအသောက်ဆိုင်ရာတွေကို လှူဒါန်းဖြစ်တယ်။ စစ်ကောင်စီဘက်က ကူညီတာတော့ တိတိကျကျတော့ မသိဘူး။ ထိထိရောက်ရောက် လှူတာကတော့ ကြာအင်းဆိပ်ကြီးက လူငယ်ပရဟိတအဖွဲ့တွေပဲ မြင်တယ်" လို့ ပြောပါတယ်။

ရေဘေးရှောင်ပြည်သူတွေဟာ လာရောက်လှူဒါန်းတဲ့ ထမင်းဘူးနဲ့ ရေသန့်အပြင် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ဆိုပါတယ်။

ရေဘေးသင့်ပြည်သူတွေရဲ့နေထိုင်စားသောက်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးထားသလို နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ခိုလှုံနေရတဲ့ မိသားစုဝင်တွေကိုလည်း လိုက်လံထောက်ပံ့တာတွေရှိပြီး ကိုဗစ်ကာလ နေရာအခက်အခဲတွေလည်း ရှိတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရေဘေးကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးခင်မောင်ချိုက ပြောပါတယ်။

"လော့ဒေါင်းချထားတဲ့ မိသားစုဝင်တွေကို သီးခြားထားတယ်။ တစ်ယောက်နဲ့တစ်ယောက် အလှမ်းကွာပြီး အဆင်ပြေအောင် လုပ်ပေးထားတယ်။ အဲလို ပြဿနာတွေတော့ရှိတယ်"လို့ ဆိုပါတယ်။

ဇူလိုင် ၂၉ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ဇမိမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၀၆၆ အောက်ကို ပြန်လည် ကျဆင်းနေပြီလို့ ပြည်နယ် မိုးဇလထုတ်ပြန်ချက်အရ သိရပါတယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024