Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့ ရေကြီးမှုများကြောင့် နေအိမ် ၅၀၀ ကျော်ရွှေ့ပြောင်း
DVB
·
July 28, 2021
221503680_1152089078608767_1594558618231667626_n
222733607_1152088955275446_2532573749478050193_n
221896571_1152089138608761_6653998531644868456_n
221847138_1152089008608774_9200434924705440767_n

ဧရာဝတီတိုင်းမှာ ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မြို့နယ်အချို့ရေကြီးနစ်မြုပ်မှုကြောင့် နေအိမ် ၅၀၀ ကျော်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သါတခရိုင်အတွင်းက ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်တွေက ကျေးရွာ အချို့မှာ ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းကစတင်ကာ ရေကြီးတာတွေရှိလာလို့ ဒေသခံအချို့ နေအိမ်ရွှေပြောင်းတာတွေ ပြုလုပ်လာခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

"မိုးကနေ့တိုင်းလို့ ရွာနေတော့ ရေကတဖြည်းဖြည်းတိုးလာတာ မနေ့ကတော့ အနိမ့်ပိုင်းက ရွာတချို့စပြောင်းရတယ်၊ ဒီတိုင်း ဆက်ရွာနေမယ်ဆို အားလုံးပြောင်းရမှာ ဒီမနက်ပိုင်းတော့ မရွာသေးဘူး''လို့ ဒေသခံတဦးကပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် ကြံခင်း၊ ဘက်ရဲ၊ မြန်အောင်နဲ့ အင်္ဂပူမြို့နယ်ဘက်က အနိမ့်ပိုင်းကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံအိမ်ခြေ ၅၀၀ ကျော်လောက်ကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ရေတက်လာလို့ ရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံတွေကို နီးစပ်ရာ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဓမ္မာရုံတွေကို ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024