မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ ဇူလိုင် ၂၅ ရက် မနက်ပိုင်းက ရာနဲ့ချီတဲ့ ပြည်သူတွေ ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
အခြေခံပညာ အထွေထွေသပိတ်ကော်မတီနဲ့ ဒေသခံပြည်သူ ရာနဲ့ချီပူးပေါင်းပြီး ကိုဗစ်စည်းကမ်းနဲ့အညီ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့တာလို့ သပိတ်ကော်မတီက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်၊ စစ်အာဏာရှင်စနစ်အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မြိုင်မြို့နယ် အနောက်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဇုန်က ကျေးရွာတွေကို ရွာစဥ်အလိုက် ချီတက်ပြီး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
မြိုင်မြို့နယ်ဒေသခံပြည်သူတွေအနေနဲ့ ဘယ်တော့မှ သွေးမအေးဘဲ အသံမတိတ်၊ အလံမလိပ်ဘဲ စစ်အာဏာရှင်ကို နေ့စဥ်ရက်ဆက် ချီတက်ဆန္ဒပြနေကြတာပါ။