စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်တွင်း စစ်ကောင်စီတပ်ရဲ့ အမြန်ယာဉ်ပေါ်ကနေ ခန္တီးမြို့ ကျေးရွာတွေထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၃ ရက်နေ့က ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး ရွာပေါင်း ၁၁ ရွာလောက်ကို စစ်ကောင်စီတပ်က အမြန်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ယင်းယိမ်ရွာက လူနေအိမ် ၂ လုံး၊ သစ်ခက်ရွာက လူနေအိမ် ၁ လုံး၊ စဖိုကြီးရွာက လူနေအိမ် ၁ လုံး လက်နက်ကြီးထိမှန် မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။