Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့၌ ရေကြီးရေလျှံ၊ ဒေသခံများ ရေဘေးလွတ်ရာ ပြောင်းရွှေ့
DVB
·
July 23, 2021
218364883_1905130102997476_5934306119081232247_n
218283324_1905131226330697_7404121294278229658_n
217629561_1905131419664011_744195429106954442_n
217528484_1905129196330900_7573916706266509795_n
217377970_1905130329664120_4115533911337712406_n
216536528_1905128746330945_1995753685218523941_n
214900347_1905129726330847_6885600244855769762_n
213732171_1905128606330959_4890174596393896180_n
212636504_1905127842997702_213234513929708656_n
212276626_1905130502997436_297309533012282036_n
212222229_1905129369664216_4367738247242005465_n
208702773_1905130222997464_730862470841766790_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသန်းပြီး ဇမိမြစ်ရေတက်လာတာကြောင့် အမှတ် ၆ ရပ်ကွက်က မြေနိမ့်ပိုင်း  နေအိမ် ၈၀ ကျော် ရေဝင်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြရပါတယ်။

ရေဘေးဒုက္ခသည် မိသားစုဝင်တွေဟာ ရပ်ကွက်အတွင်း  သဘာဝဘေးဖြစ်လာရင် ခိုလှုံဖို့တည်ဆောက်ထားတဲ့ အဆောက်အဦးမှာ သွားရောက်ခိုလှုံနေကြပြီး ဒီကနေ့ အထိ အကူအညီတွေမပေးနိုင်သေးဘူးလို့  ကြာအင်းဆိပ်ကြီးမြို့က လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရေက အခုဆိုရင် ၂၉ လက်မကျော်နေပြီ။ ၃၀ ဆိုရင် တော်တော်များများမြုပ်မှာ။ အိမ်နှစ်ထပ်ရှိတဲ့အိမ်ဆိုရင် အောက်ထပ်အကုန်လုံးမြုပ်နေပြီ။ အခုက သူတို့က သဘာဝဘေးကျရောက်ရင် နေဖို့ အဆောက်အအုံမှာ  သွားနေကြတယ်။ လောလောဆယ်ကတော့ ဘာမှ မလုပ်ပေးရသေးဘူး။ ”

ကြာအင်းဆိပ်ကြီးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကလည်း တိုးလာနေပြီး ဒီနေ့အထိ ကိုဗစ်လူနာ ၁၀၀ ကျော်နေပြီး ရောဂါကူးစက်ခံရမှာစိုးလို့ ရေးဘေးအလှူရှင်တွေကို မဖိတ်ခေါ်ရဲဘူးလို့လည်း ပြောပါတယ်။

“လောလောဆယ်ကတော့ ဘယ်လိုပြောမလဲ။ ကိုဗစ်ကလည်း တအားကြီးကို တက်နေတော့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ဖို့ကမရဲဘူး အဲလိုမျိုးဖြစ်နေတယ်။ ကိုဗစ်က အခု နေ့တိုင်းလိုလိုပဲ တက်နေတယ်။”

ကြာအင်းဆိပ်ကြီးမြို့မှာ ရေကြီးရေလျှံမှုဖြစ်တာ ဒီကနေ့ဆိုရင် ၄ ရက်ရှိနေပြီဖြစ်ပြီး မိုးတွေ ဆက်လက်ရွာသွန်းမယ်ဆိုရင်တော့ ရေထပ်တက်လာကာ  တခြား ရပ်ကွက်တွေပါ ရေမြုပ်နိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက မိုးရာသီရောက်တိုင်း အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်လေ့ရှိပေမယ့် တရက်နှစ်ရက်နဲ့ ရေပြန်ကျပေမယ့် အခုနှစ်မှာ ရေဆက်တက်နိုင်တဲ့ အနေအထားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024