မင်ကင်းမြို့နယ် ယာကျေးရွာနဲ့ တောင်ဖြူကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း ပြည်သူ့ကာကွယ်ရေတပ်တို့ ဇူလိုင် ၁၃ ရက်နေ့ ည ၉ နာရီခွဲကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက “မနေ့ည ၉ နာရီခွဲကျော်လောက်က ယာနဲ့တောင်ဖြူရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်းကို ပစ်တယ်။ အဓိကတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေက ကျနော်တို့ မင်းကင်းမြို့ အောက်ဘက်က ကျေးရွာတိုင်လိုလိုကို နေတိုင်း ၀င်ရောက်ဖျက်ဆီးတာကြောင့် PDF တွေနဲ့ အခုလို တိုက်ပွဲဖြစ်ပွားခဲ့တာ” လို့ ပြောပါတယ်။
ပန်ဆက်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ဆိုင်ကယ်အစီး ၃၀ ကျော်နဲ တိုက်ပွဲဖြစ်ပွားရာနေရာကို တပ်ကူလာရောက်ကာ RPG တွေနဲ့ ကျေးရွာအတွင်း ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပေမဲ့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲမှာ နယ်မြေခံ PDF တပ်ဘက်က အကျဆုံးမရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ တစ်ဦးကျဆုံးတယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။