Home
သတင်းဓာတ်ပုံ
အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများကို နွယ်အေးစွန္နီဂျာမေဗလီလူမှုရေးအသင်းက ကူညီပေးနေ
DVB
·
July 13, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများပြားလာပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် နွယ်အေးစွန္နီဂျာမေဗလီက အောက်ဆီဂျင် ကူညီပေးနေပါတယ်။

နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်း အတွင်းရေးမှူးဦးဇော်မင်းလတ်က  “ကျနော်တို့ကူညီပေးနေတာ ၁၀ ရက်လောက်ရှိပါတယ်။ ဘာလို့ ကူရတာလဲဆိုတော့ အရင်လှိုင်းတွေက ကျနော်တို့ ဗလီအနေနဲ့ အစားအသောက်လှူဒါန်းပေးတာရှိတယ်။ အခုက အောက်ဆီဂျင် အရေးပေါ်လိုအပ်နေတဲ့အတွက် ဒါကိုလုပ်ရခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

အောက်ဆီဂျင်လှူဒါန်းမှုကို နွယ်အေးစွန္နီဂျာမေဗလီ လူမှုရေးအသင်းက ပြုလုပ်နေတာဖြစ်ပြီး အသင်းသားတွေက စက်ရုံတွေမှာ နေ့  ညသွားရောက်တန်းစီဝယ်ယူပြီးမှ ပြန်လည်လှူဒါန်းတာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတဝန်းမှာ   ကိုဗစ်-၁၉ အတည်ပြုလူနာရော သေဆုံးသူပါ များပြားလာနေပြီး  သေဆုံးခဲ့တဲ့လူနာတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရတာ အောက်ဆီဂျင်ပြတ်လပ် တာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Photo_ MPA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024