စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းတို့က ကျေးရွာတွေစုပေါင်းပြီး ဇူလိုင် ၁၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ၁၂၄ ရက်မြောက်နေ့အဖြစ် ကျေးလက်နေပြည်သူတွေ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ ရင်ဆိုင်နေရပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဟာ ရပ်တန့်မသွားဘဲ ဆက်လက်ဆန္ဒပြနေကြတာဖြစ်ပြီး ဆန္ဒပြအင်အားလည်း ကောင်းနေဆဲ ဖြစ်ပါတယ်။
ပူးပေါင်းပါဝင်လာတဲ့ ဆန္ဒပြပြည်သူတွေကို ကိုဗစ် စည်းကမ်းနဲ့အညီ နှာခေါင်းစည်း Mask တွေလည်း ပေးဝေခဲ့ပါတယ်။