ပဲခူးတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါ ၁ ဦး ပစ်သတ်ခံရ
DVB
·
July 10, 2021
ပဲခူးမြို့ မွန်စံပြရပ်ကွက်ထဲက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သတင်းပေး သောင်းငွေ(ခ)သကြားလုံးကို PDF-BAGO နဲ့ BCRF တို့ပေါင်းပြီး ဒီနေ့မနက်မှာ ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF က ကြေညာပါတယ်။
"ရှင်းလင်းရေးလုပ်နေချိန် လူငယ်တွေကို ဝင်ဖမ်းတဲ့ သူ့အပေါင်းအပါနှစ်ယောက်ကိုလည်း ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး တယောက်ကဆေးရုံမှာသေပြီး ကျန်တယောက်ကဒဏ်ရာရပါတယ်" လို့ ပဲခူး PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီတာခ မဆောင်ဖို့နဲ့ မီတာခကောက်ခံသူတွေရဲ့ လုံခြုံရေးအတွက် အာမမခံနိုင်ကြောင်း ပဲခူး PDF က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။