ဟေတီသမ္မတကိုလုပ်ကြံမှုတွင် ပါဝင်သူ ၄ ဦး ပစ်သတ်ခံရပြီး ၆ ဦးကို ဖမ်းဆီး

ဟေတီရဲတပ်ဖွဲ့ဟာ သမ္မတ ဂျိုဗစ်နလ်မိုအိဇ် လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ သံသယရှိသူတွေထဲက  ၄ ဦးကို ပစ်သတ်ခဲ့ပြီး  ဟေတီလူမျိုးအမေရိကန်နိုင်ငံသား ၂ ဦး အပါအ၀င် နောက်ထပ် ၆ ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ ဇူလိုင် ၈ ရက်မှာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆက်လက်ပြီး ဟေတီအာဏာပိုင်တွေဟာ ဒီဆင်းရဲနွမ်းပါးတဲ့ ကာရစ်ဘီယံနိုင်ငံ ဟေတီကို အံ့အားသင့်စေတဲ့ လုပ်ကြံသတ်ဖြတ်မှုရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ရှာဖွေနေပါတယ်။

 အသက် ၅၃ နှစ်အရွယ် သမ္မတမိုအိဇ် ဟာ သူ့ရဲ့နေအိမ်မှာ ဇူလိုင် ၇ ရက်  အစောပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး တာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရ လေ့ကျင့်ထားကြတဲ့ နိုင်ငံခြားသား သတ်ဖြတ်သူတွေလို့ ထင်ရတဲ့ ကွန်မန်ဒိုအဖွဲ့တဖွဲ့ရဲ့လက်ချက်လို့ ဆိုပါတယ်။ 

ဒီလက်နက်ကိုင် ကွန်မန်ဒိုအဖွဲ့ထဲမှာ ကိုလံဘီယာ ၂၆ ဦးနဲ့ အမေရိကန်နိုင်ငံသား ၂ ဦးတို့ ပါဝင်ဖွဲ့စည်းထားတယ်လို့လည်း ဆိုပါတယ်။ 

အာဏာပိုင်တွေက လူသတ်သမားများကို ဖမ်းဆီးနိုင်ရေး ကူညီဖို့ ၁၅ ရက်ကြာ အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ 

ကြိုတင်သတင်းအချက်အလက်တွေအရ ဟေတီသမ္မတလုပ်ကြံခံရမှုမှာ ပါဝင်တဲ့ ကိုလံဘီယာနိုင်ငံသားတွေဟာ ကိုလံဘီယာစစ်တပ်ကနေ အငြိမ်းစားယူထားသူတွေ ဖြစ်တယ်လို့ ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ဒီရေဂိုမိုလာနိုက  ဇူလိုင် ၈ ရက်က ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုမှာ ကိုလံဘီယာရဲ့ ဘိုဂိုတာအစိုးရလည်း ပူးပေါင်းပါဝင်လိမ့်မယ်လို့လည်း  ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up